Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇပြောင်းလဲသောရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကာကွယ်ရေး နည်းလမ်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို အလှည့် ကျစနစ်ဖြင့် ထုတ်ပေး
Sep 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာများကို ယနေ့ နံနက် ၉နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ(၁၀၂၅၉၀)ဦးအား စက်တင်ဘာလ မှ ဒီဇင်ဘာလကုန်အထိ ထိုးနှံပေးမည်
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ပြည်သူ (၁၀၂၅၉၀)ဦးအား စက်တင်ဘာလလည်မှ ဒီဇင်ဘာလကုန်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင်ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာ ပေးနှိုးဆော်ခြင်းများကို မြန်မာ၊ စကောကရင်နှစ်ဘာသာဖြင့် ဆက်လက်ဆောင…
Sep 21,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ဘားအံခရိုင် ဘောဂလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်တွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် ဆောင် ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့တွင် ဧရာဝတီမြစ်ရေ၊ မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်
Sep 21,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့နေ့လယ်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ပံတန်းမြို့နယ်၊ မြင်ကဝ ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်း ကျေးရွာအုပ်စုပျဉ်းကတိုး ကုန်းကျေးရွာတို့တွင်
အပြည့်အစုံ ဖတ်ရန်
မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များအား (ပထမအကြိမ်) ကိုဗ…
Sep 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များအား ကာကွယ်ဆေးထိုးနှံရန်စုရပ်ဖြစ်သည့် မအီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ စတင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့၌ အသက်(၅၅)အထက်ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅၅)နှစ်အထက်ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ အမှတ်(၁)ရပ်ကွက်မှပြည်သူများအား ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက စိုက်ပျိုးပြီးစီး
Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက လျာထား စိုက်ပျိုးလျက်ရှိရာ ယခုအခါ လျာထားမိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုးပြီးကြောင်းနှင့် စပါးသီးနှံများ အောင်မြင်ရေးအတွက် မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်များအလိုက် ရေအသုံချသူများအဖွဲ့ ဖွဲ့စည်းပြီး ရေများစနစ်တကျပေးဝေ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25480
Page
25481
Page
25482
Page
25483
Current page
25484
Page
25485
Page
25486
Page
25487
Page
25488
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department