Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြန်မာ၊ ထိုင်း၊ မလေးရှားဇု (MTM) ဇုန်ခွာနာလျှာနာရောဂါအတွက် သွေးရည်ကြည် ရယူခြင်း ဆောင်ရွက်
Sep 21,2021
MTM ဇုံခွာနာလျှာနာရောဂါအတွက် သွေးရည်ကြည်ရယူခြင်းအား မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကော့သောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြန်မာ၊ ထိုင်း၊ မလေးရှားဇုန် (MTM) ဇုန်ခွာနာ လျှာနာရောဂါအတွက် သွေးရည် ကြည်ရ ယူခြင်းကို ယနေ့နံနက်က ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမဦးစီးဌာနမှ စားကုန်ဆန်များအား အသက်သာဆုံးဈေးနှုန်းဖြင့် အများပြည်သူ များအား ရောင်းချပေးမည့်ဆန်အိတ်များ ကော့သောင်းမြို့သို့ရောက်ရှိ
Sep 21,2021
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကုန်ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် အများပြည်သူ များအား စားကုန်ဆန်များကို အသက်သာ ဆုံးဈေး နှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချမည့်ဆန်များ ကော့သောင်းမြို့သို့ ယမန်နေ့ကရောက်ရှိ လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလှူရှင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်ကူပြုပစ္စည်းများအား အရန်မီးသတ် စခန်းသို့ ပေးအပ်လှူဒါန်း
Sep 21,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အလှူရှင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်ကူပြု ပစ္စည်းများအား အမရဌာနီ အရှေ့ရပ်ကွက် အရန်မီးသတ်စခန်းသို့ပေးအပ်လှူဒါန်း ခြင်းကို စက်တင်ဘာ၂၀ရက်နံနက်၁၁နာရီခွဲက ၉လမ်း၊ ၇၈လမ်းနှင့်၇၉လမ်း ကြားရှိ အဆိုပါမီးသတ် စခန်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် လဲဂွရွာ၊လက်ပံအိုင့်ရွာမှသည် ပုပ္ပားတောင်ပတ်လည်တွင် ကိုဗစ်ကာလအလွန် ခရီးစဉ်ဒေသသစ်ဖော်ဆောင်ထား
Sep 21,2021
မြန်မာပြည်အရပ်ရပ်တွင်ရှိ သဘာဝအလှတရားများရှိရာဒေသများကို သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲ၊တာဝန်ခံရုံးများမှတာဝန်ခံ၊ တာဝန်ရှိသူများက နယ်မြေ၊ဒေသခံများဖြင့်ထူးခြားဆန်းကြယ်သောနေရာများ၊ သဘာဝ ကျောက်ရေအိုင်များ၊ ရေကန်များ၊တောတွင်းစွန့်စားခရီးစဉ်သွားရောက်လိုသူများ၊ သစ်ခွ မျိုးစိတ်စိတ်ဝင်စားသူများ၊ လိပ်ပြာမျိုးစုံစိတ်ဝင်စားသူများအား လာရောက်လေ့လာလည် ပတ်နိုင်စေရန် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)ရုံးမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေလာရောက် လည်ပတ်သည့်အခါ ခရီးစဉ်ဒေသ ငါးခုအပြင် နောက်ထပ် ကျောက်ပန်းတောင်းမြို့နယ် ၊ပုပ္ပား တောင်မကြီးခရီးစဉ်အား တောတွင်းစွန့်စားခရီးစဉ်ဒေသအဖြစ် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိကြောင်း ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ Sinopharm ပထမအကြိမ် ထိုးနှံပေး
Sep 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (ပထမအကြိမ်)အဖြစ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းနှင့် ပြည်ထောင်စု ခန်းမတို့၌ စုရပ်နေရာ (၂)နေရာတွင် ယမန်နေ့ နံနက် ၉ နာရီမှစ၍ စတင်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသံချဲ့ စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Sep 20,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ဈေးများ၊ ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ရိုးရာ ဆွမ်းတော်တစ်ထောင်တင် လှူပူဇော်ပွဲဓလေ့အား ယခုနှစ်၌ ကိုဗစ်စည်းကမ်းနှင့်အညီ အစဉ်အလာမပျက် အကျဉ်းချုံကျင်းပ
Sep 20,2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲဓလေ့အား ယခုနှစ်၌ ကိုဗစ်စည်းကမ်းသတ်ချက်များနှင့်အညီ အစဉ်အလာမပျက် အကျဉ်းချုံကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းကောက်ဆည် ကျိုးပေါက်ခဲ့သဖြင့် ပြောင်းရွှေ့ခဲ့ရသည့် တဲအိမ်(၄၀)လုံးအတွက် ထောက်ပံ့ငွေများပေး…
Sep 20,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် မိုးကြီးမှုကြောင့် ရေစကြိုမြို့နယ်၊ ဆားလင်းကုန်းကျေးရွာအုပ်စု၊ အညာတောကျေးရွာရှိ ချောင်းကောက်ဆည် ရေတံခါးမှ ရေများ အလျား ၃၀ ပေ၊ အနံ ၁၅ ပေခန့်ကျိုး ပေါက်ခဲ့မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် တဲအိမ်(၄၀)လုံးအတွက် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25483
Page
25484
Page
25485
Page
25486
Current page
25487
Page
25488
Page
25489
Page
25490
Page
25491
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department