အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်၈နာရီအချိန်က အမှတ်(၂)ရပ်ကွက ်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ကုသရေးနှင့်အခြားသော ကျန်းမာရေး ဆိုင်ရာရောဂါများကြောင့် ဆေးရုံတက်ရောက်ကုသနေရသူများအတွက် မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအခြေအနေမှာ ယမန်နေ့ နံနက်ပိုင်းအထိ စက်ရုံ တည်ဆောက်ပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးအတွင်း အောက်ဆီဂျင်ဗူးများ လုံလောက်စွာရရှိရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် ကိုဗစ်ပိုးတွေ့လူနာများအား အမြန် ဆုံးကုစား ပေးနိုင်ရေးအတွက်  မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်း၌ တက်ရောက်ဆေးကုသမှုခံယူ နေကြသော လူနာများအတွက် လိုအပ်သောအောက်ဆီဂျင်များအား နေ့စဉ်အချိန်မှီဖြည့်ဆည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စတုတ္ထအသုတ် ( ပထမအကြိမ် ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၉နာရီ အချိန်မှစ၍ ကလောမြို့ မြို့နယ်ခန်းမ၌ ဒုထိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ တုန်ဟုန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 21,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၀  ရက်နေ့ က တွင်  ပထမအကြိမ် ထိုးနှံပြီးသူများကို   ဒုတိယအကြိမ် အဖြစ်   စက်တင်ဘာလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့  တွင်  အသက် ၆၅ နှစ် နှင့် အထက် သက်ကြီး ဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊စျေးရောင်းချ သူများ  ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးနှံနေ ကြောင်း သိရသည်။