မုံရွာ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ပြည်သူ (၁၀၂၅၉၀)ဦးအား စက်တင်ဘာလလည်မှ ဒီဇင်ဘာလကုန်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အုပ်စု(က)တွင်ပါဝင်သည့် ကျန်ရှိနေသော အသက်(၆၅)နှစ် အထက်သက်ကြီး ရွယ်အိုများ၊ အသက်(၅၅)နှစ်မှ (၆၄)နှစ်အုပ်စု၊ မသန်စွမ်းသူများ၊ Ethnic Armed Organization (EAOs)များ၊ ရွှေ့ ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ယခုလ (၁၆)ရက်နေ့မှ လည်းကောင်း၊ အုပ်စု(ခ)တွင်ပါဝင်သည့် အသက်(၄၅)မှ(၅၄)နှစ်အုပ်စုများကို အောက်တိုဘာ (၁ဝ)ရက်နေ့တွင် လည်းကောင်း၊ အုပ်စု(ဂ)တွင်ပါဝင်သည့် အသက်(၄ဝ)နှစ်မှ (၄၄)နှစ်အထိအုပ်စုကို နိုဝင်ဘာ (၁၁)ရက်နေ့တွင်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ထိန်လင်း-မုံရွာ