ဘားအံခရိုင်ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာ ပေးနှိုးဆော်ခြင်းများကို မြန်မာ၊ စကောကရင်နှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေး လျက်ရှိ

ဘောဂလိ စက်တင်ဘာ   ၂၁

 

ကိုဗစ်-၁၉ရောဂါ  ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက်   ကရင်ပြည်နယ်၊ဘားအံခရိုင်  ဘောဂလိမြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု  မရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်း  လုပ်ငန်းများကို   ယမန်နေ့နံနက်   (၁၀)နာရီ အချိန်တွင်  ဘောဂလိမြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  ဝန်ထမ်းများက   မြို့ပေါ်ရပ်ကွက်များတွင်  ဆောင် ရွက်ခဲ့သည်။

 

ထိုသို့  နှိုးဆော်ရာတွင်  ပြည်သူများအနေဖြင့်   ကိုဗစ်-၁၉ရောဂါ  ကူးစက်မှုပြတ်တောက်ပြီး    ထိထိရောက်ရောက်   ကာကွယ်နိုင်ရန်    ပြင်ပဧည့်သည်များအား  အိမ်တွင်  လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက   နှာခေါင်းစည်း (Mask)   တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး   ခြောက်ပေအခွာနေထိုင်ရန်၊   လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်း များရှောင်ကြဉ်ရန်၊  လက် ကိုဆပ်ပြာနှင့်  စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု  သံသယရှိပါက   နီးစပ်ရာကျန်းမာရေးဌာနသို့   ဆွက်သွယ်၍  ဆေးကုသမှုခံယူရန်၊  ကိုဗစ်-၁၉ရောဂါ  ကူးစက် မှုကို  အမြန်တားဆီးနိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေး  လုပ်ငန်းများကို  ပြည်သူများ  ကိုယ်စီလိုက်နာ  ပြီးပူးပေါင်း  ပါဝင် ဆောင်ရွက်ပေးကြရန်  စသည့်အချက်များကို   မြို့ပေါ် ရပ်ကွက်နေ  ပြည်သူများ   သိရှိလိုက်နာ ဆောင်ရွက်ရေး  Hand  Speaker  ဖြင့်  လှည့်လည် နှိုးဆော်  ခဲ့ကြကြောင်း  သိရသည်။

 

မြို့နယ်(ပြန်/ဆက်)