Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး အသိပညာပေး ဆောင်ရွက်
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန်အတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် နှင့်ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်များ ကသံကြိုးတိုင်ရပ်ကွက် အတွင်းယနေ့ နံနက်(၁၀)နာရီကလှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ Test Kit ဖြင့် အခမဲ့စစ်ဆေး
Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်၁၉-ရောဂါကူးစက်မှု ရှိ/မရှိ Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ဖောင်ရွာရပ်ကွက်၊ ရွှေဂူသီလရှင်ကျောင်းမှ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိ/မရှိ စစ်ဆေးခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၁၉)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံ အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့် ရရှိရေးများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 21,2021
တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁:၃၀ နာရီက လောင်းလုံးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် ထိုးနှံပေးခြင်းတွင် လူဦးရေ(၃၂၇၅) ဦး လာရောက်ထိုးနှံ
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများအား မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံးနှင့် ဆေးထိုးစုရပ် အသီးသီးတွင် ဒုတိယအသုတ်(ပထအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းထိ လူဦးရေ (၃၂၇၅) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင် ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေးလျက်ရှိ
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို ယနေ့ နံနက် ၈ နာရီမှစ၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လမ်းမကြီးများ၊ လမ်းကြားများသို့ သွားရောက်၍ အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်တွင် အသက် (၅၅)နှစ်အထက် ဦးစားပေး အလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးပြီးသူ(၅၅၁၀)ဦးရှိပြီဖြစ…
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့မှ ယမန်နေ့ အထိ(ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၅၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ Volunteer များ၊ ဘုန်းကြီး၊သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ပုဂ္ဂလိကစက်ရုံဝန်ထမ်းများ၊ အကျဉ်း သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်းများ၊ စျေးရောင်းသူ၊စျေးဝယ်သူများ စုစုပေါင်း( ၅၅၁၀)ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့် ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25478
Page
25479
Page
25480
Page
25481
Current page
25482
Page
25483
Page
25484
Page
25485
Page
25486
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department