ကျိန္တလီမြို့၌ အသက်(၅၅)အထက်ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး    စတင်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ စက်တင်ဘာ ၂၁

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅၅)နှစ်အထက်ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမစုရပ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ အမှတ်(၁)ရပ်ကွက်မှပြည်သူများအား ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းလွင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံရန်ရောက်ရှိလာသော  ပြည်သူများအား ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်အတွက် ကျိန္တလီမြို့အနေဖြင့် ကာကွယ်ဆေး အလုံးရေ(၂၂၀)လုံးရရှိထားပြီး ဆေးတစ်လုံးလျှင် ပြည်သူ(၅)ဦးနှုန်းဖြင့်ထိုးနှံပေးသွားမည်ဖြစ်ပြီး အမှတ်(၁) ရပ်ကွက်မှ အသက်(၅၅)နှစ်အထက်ပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တိုကင်နံပါတ်များဖြင့်စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ အသက်(၅၅)နှစ်အထက်ပြည်သူ (၂၄)ဦး ၊ အသက်(၆၅)နှစ်အထက် ပထမအကြိမ်ဆေးထိုးရန် ကျန်ရှိသောပြည်သူ (၁၅)ဦး ၊ အကြောင်းအမျိုးမျိုး ကြောင့်ဆေးထိုးရန်ကျန်ရှိနေသော နိုင်ငံဝန်ထမ်း (၂၁)ဦး စုစုပေါင်း(၆၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူ ထံမှသိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)