Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို နတ်တလင်းမြို့နယ်တွင် ဒုတိယအသုတ်အဖြစ် ပြည်သူများအား ပထမအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိ
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စက်တင်ဘာ ၂၀ရက် နေ့လည် ၁နာရီက ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ကို စုရပ် (၁၀)နေရာ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 21,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်း ကို ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ယနေ့ နံနက် ၉ နာရီက ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများမှဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ ပဝ-ဝါသကျေးရွာ၌ ဒေသခံ(၁၇၀)ဦးအား RDT ဖြင့် စစ်ဆေးပေးရာ (၃၁) ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု ပဝ-ဝါသကျေးရွာအတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ ရှိသူများနှင့် ထိစပ်ပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများကဲ့သို့ သွားလာလှုပ်ရှားနေကြသူများထဲမှ ရောဂါ ပိုး ရှိနေသူများကိုစစ်ဆေးဖော်ထုတ်၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုမှ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ် နိုင် ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်း ညွှန်မှု အရ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ပဝဝါသကျေးရွာသို့ကွင်းဆင်း၍ ဒေသခံများကို RDT Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ မိုးရာသီ သီးနှံစုံ ၅၁၀၃၁ ဧက စိုက်ပျိုးပြီးစီး
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်ကြသူများ ဖြစ်ပြီး သီးနှံများကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင် မြို့နယ်ရှိ အသက် (၈၀) နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 21,2021
ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှအသက် (၈၀)နှစ်နှင့်အထက် ဘိုးဘွားများအားထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးအပ်သည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၄)ဦးစစ်ဆေးတွေ့ရှိ၊ ကျန်းမာရေး ကောင်းမွန်လာသူ(၃)ဦးဆေးရုံဆင်း
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၂၁)ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ် ဆေးရုံမှ(၁၀)ဦး၊စုစုပေါင်း(၃၁)ဦးတို့ကိုယနေ့၌ ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုး သား(၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့တွင် (၅၅)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့ တိုက်နယ်ဆေးရုံ၌ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်၉နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း (၁၈) နှစ်ပြည့်ပြီး ဆေးထိုးရန် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ များကို စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီက စတင်၍ မြို့တော်ခန်းမ၊ အထက(၁)၊ အထက(၄)နှင့်ရွှေဘိုမြို့နယ်ဆိပ်ခွန်ကျေးရွာတို့တွင်စုရပ် ၄ ခု ခွဲပြီးစနစ် တကျ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25476
Page
25477
Page
25478
Page
25479
Current page
25480
Page
25481
Page
25482
Page
25483
Page
25484
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department