အမြို့မြို့အနယ်နယ်သတင်းများ

Aug 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် မြို့သစ်မြို့၊ ဗန္ဓုလကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ အုပ်ချူပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောခြင်းနှင့် ပြည်သူ့၀န်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Aug 15,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့လူမှုရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
Aug 15,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၆)လမှ (၅)နှစ်ထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများ ကောင်းမွန်စေရန် ရည်ရွယ်ပြီး ဗီတာမင်အေ ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်တွင် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်း ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကြီးကြပ်၍ မြို့ပေါ်ရှိ ရပ်ကွက် ၃ ရပ်ကွက်ရှိ အိမ်ထောင်စု (၅၇၅)စု၏ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ၂၀၂၀ပြည့်နှစ်၊ ကြယ်လိပ် သားပေါက်ရာသီ၌ ကြယ်လိပ်မ (၁၃၇)ကောင်က မြေကြီးတွင် ကျင်းတူးပြီး ဥထားသောဥကျင်း (၄၁၄)ကျင်းထဲရှိ ဥ(၃၂၀၅)လုံးအနက်မှ အချိန်ကျရောက်သော်လည်း လိပ်ငယ်များ သဘာဝအတိုင်း ထွက်လာခြင်းမရှိသော ဥကျင်းများကို တူးဖော်၍ ရရှိသော ဥကောင်းဥသန့်များကို မြေကြီးထည့်ထားသည့် သေတ္တာအတွင်း ပြန်မြှပ်၍ထားခဲ့ပြီး ယင်း မြှပ်ထားသော ဥများကိုနေ့စဉ်ပုံမှန် စစ်ဆေးခဲ့ရာ ၃၀.၇.၂၀၂၀ရက်နေ့ ၄င်းတို့ထဲမှဥတစ်လုံးတွင် သန္ဓေသားအောင်ပြီး ဥခွံကိုခွဲ၍ ဖောက်ထွက်နေသော ကြယ်လိပ် အမွှာပူးလေးဖြစ်နေသည်ကို တွေ့ရှိရကြောင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် ကပြောပြသည်။