မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက စိုက်ပျိုးပြီးစီး

ကျောက်ဆည် စက်တင်ဘာ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂၇၉၉)ဧက လျာထား စိုက်ပျိုးလျက်ရှိရာ ယခုအခါ လျာထားမိုးစပါးစိုက်ဧက ပြည့်မီစွာစိုက်ပျိုးပြီးကြောင်းနှင့် စပါးသီးနှံများ အောင်မြင်ရေးအတွက် မြို့နယ် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်များအလိုက် ရေအသုံချသူများအဖွဲ့ ဖွဲ့စည်းပြီး ရေများစနစ်တကျပေးဝေ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ၂၀၂၁-၂၀၂၂-ခုနှစ် လျာထားမိုးစပါးများကို ဇော်ဂျီဆည်ရေသောက်စနစ် တွင်(၃၅၉၉၄)ဧက၊ ကင်းတား ဆည်ရေသောက်စနစ်တွင်(၁၆၀၂၇)၊ သစ်တက္ကကုန်းဆည်ရေသောက်စနစ်တွင် (၄၃၆)ဧက မိုးရေသောက် စနစ်ဖြင့် (၂၃၂)ဧက နှင့် စက်ရေတွင်း(မြေအောက်ရေ)ရေသောက်စနစ်ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၇၉၉)ဧက စိုက်ပျိုး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ဧရာမင်းစပါးများကို ပျိုးစိုက်(၂၁၅၇၀)ဧကနှင့် တိုက်ရိုက်အစေ့ချ (၂၀၅၈၈)ဧက စုစုပေါင်း(၄၂၁၅၈)ဧက၊ မနောသုခစပါးများကို ပျိုးစိုက်(၁၅၀၀)ဧကနှင့် တိုက်ရိုက်အစေ့ချ (၆၀၄၁)ဧက စုစုပေါင်း (၇၅၄၁)ဧက၊ ရွှေမနော်စပါးများကို ပျိုးစိုက်(၁၆၅၀)ဧကနှင့် တိုက်ရိုက်မျိုးစေ့ချ (၁၄၅၀)ဧက စုစုပေါင်း ပျိုးစိုက်စပါး ဧက(၂၄၇၂၀)ဧကနှင့် တိုက်ရိုက်အစေ့ချ(၂၈၀၇၉)က စိုက်ပျိုးထားကြောင် သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)