အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ရပ်ဝေးမှပြန်လာသည့် ပုဂ္ဂိုလ်များ(၆၃)ဦးအား RDT ဖြင့် စစ်ဆေးရာ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း၊ ဟိုနမ့်တိုက်နယ် Facility Quarantine နေထိုင်သူများ၏ အာခေါင်နှင့် နှာခေါင်းတို့ဖတ် နမူနာများအား ပြည်နယ် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဌာနတောင်ကြီးသို့ ပေးပို့ပြီးစစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 21,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့ မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကမြို့နယ်အတွင်း လှည့်လည် အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက် ရှိသည်။
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄) နှစ်အကြားရှိ ဦးစားပေးအဆင့် လိုက်ပြည်သူများအား တကူတိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့က အထက-တကူ ကျောင်းအတွင်း လူဦးရေ(၂၀၀)ဦးအား (ပထမ)အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးခြင်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
Sep 21,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် စက်တင်ဘာလ၂၁ ရက်နံနက် ၁၀နာရီက (ပြန်/ဆက်) ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် စာရေး ဝန်ထမ်းများက အသံချဲ့စက်ဖြင့် မြန်မာဘာသာ၊ပိုးကရင် ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
Sep 21,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ ) လများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမအရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွားမိဘပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ အသိ ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၏လမ်းညွှန်မှုအရ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများပူးပေါင်း၍ ယမန်နေ့ ည(၆)နာရီအချိန်မှစပြီး ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့် တတိယအသုတ် (ပထမ)အကြိမ် ကာကွယ်ဆေးကို စက်တင်ဘာလ၂၁ ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ဆင်ထိုးကြီးကျေးရွာ၊အရှေ့ကမ်းဘုန်းကြီးကျောင်း၊ဓမ္မာရုံတွင် လာရောက်ထိုးနှံနိုင် ရေးကိုအသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။