အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို စက်တင်ဘာ ၂၁ ရက် ၊ ယနေ့ နံနက်ပိုင်းကစတင်ပြီး COVID – 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်အငြိမ်းစားဝန်ထမ်းများက သတ်မှတ်ထားသည့် ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းသာစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အ.ထ.က-ဂျိုးတောင်ကျောင်းတွင် ပြည်သူ ၃၅၅ ဦးကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား စက်တင်ဘာ ၂၀ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းသေဒကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဒုဟီးမြို့တွင် မြို့ပေါ် (၃)ရပ်ကွက် နှင့် ဂကြီးချမ်းမြူးအုပ်စု၊ လာမာကျေးရွာအုပ်စုနှင့် ဗိုလ်တဲနုတ်ညိုးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ညနေပိုင်း(၃)နာရီအချိန်က ဒုံဟီးမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
Sep 21,2021
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာလ တတိယပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းကူးကျေးရွာအုပ်စု ချောင်းကူး၊ ဂွေးဂုံအုပ်စုနှင့် ကျွန်းတိုင်းကျေးရွာအား ဆက်သွယ် ထားသော ချောင်းကူး-ကျွန်းတိုင်းတံတား ချဉ်းကပ်လမ်းတာပေါင်ဘေးရှိ ကျောင်းစီမြေကာနံရံသည် ကျောချောင်းရေ တိုက်စားမှုကြောင့် ယမန်နေ့ နေ့လယ်၁၂ နာရီအချိန်ခန့်က ပေ ၃၀ ခန့် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ် ၁၃ ဦးကို စက်တင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၂၄ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မဖြစ်မနေအပြင်ထွက် သွားလာရသူများအား နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာရန် အသိပညာပေးခြင်းနှင့် ပြစ်ဒဏ်ငွေပေးဆောင်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက လူစည် ကားရာလမ်းဆုံ နေရာများ တွင် တာဝန်ရှိသူများကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Sep 21,2021
ပြည်ခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းအောင်သည် ယမန်နေ့မနက်ပိုင်း အချိန်က အဖွဲ့ဝင်များဖြစ်သော ဒုတိယဗိုလ်မှူးကြီး မြတ်သူကျော်၊ ဒုတိယရဲမှူးကြီး တိုးလှိုင်တို့နှင့် အတူ ပေါင်းတည်မြို့နယ်သို့ ရောက်ရှိခဲ့သည်။