လက်ပံတန်း စက်တင်ဘာ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့နေ့လယ်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ပံတန်းမြို့နယ်၊ မြင်ကဝ ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်း ကျေးရွာအုပ်စုပျဉ်းကတိုး ကုန်းကျေးရွာတို့တွင် ဧရာဝတီမြစ်နှင့် မြစ်မခမြစ်ရေ တိုက်စားမှုကြောင့် ဖြစ်ပွားသော ကမ်းပြိုဘေးမှ ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၂၈)လုံး၊ လူဦးရေ(၁၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၃၁၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၈၀၀၀၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၀၃၁၀၀၀)ကျပ်တို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးဖြစ်ပွားသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဝင့်နန္ဒာဌေး