အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနက ကြက်သွန်စိုက်ပျိုးရေးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းသင်တန်းကို ယနေ့နံနက် (၈)နာရီတွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 22,2020
ပိုးစာစိုက်ပျိုးရေးဇုံ ဖော်ထုတ်နိုင်ရေးတောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Feb 22,2020
ချင်းပြည်နယ်၊ ကျီခါးမြို့၊ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာ၌ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေး ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းကို ကျီခါးမြို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှ စတင်၍ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Feb 22,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ မီးသတ်ဦးစီးဌာနမှ ကျိုက်ဒုံမြို့ မီးသတ်တာဝန်ခံ ဦးဟိန်းထက်​ဇော်နှင့် မီးသတ်တပ်ဖွဲ့များသည် ယမန်နေ့ည ၇ နာရီက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုး​ဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Feb 22,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ပြည့်နှစ် မတ်လ(၁၁) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ လှိုင်းဘွဲမြို့နယ် အတွင်း စာစစ်ဌာန(၁၁)ခု ၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
Feb 22,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂ဝ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများအတွက် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။