ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို အလှည့် ကျစနစ်ဖြင့် ထုတ်ပေး

ကော့ကရိတ် စက်တင်ဘာ ၂၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာများကို ယနေ့ နံနက်  ၉နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေး လျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ကော့ကရိတ် မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၁၉၈၆) ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

 ခရိုင်(ပြန်/ဆက်)