ကျိုက်ဒုံ စက်တင်ဘာ ၂၁ ရက်
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် စက်တင်ဘာလ၂၁ ရက်နံနက် ၁၀နာရီက (ပြန်/ဆက်) ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် စာရေး ဝန်ထမ်းများက အသံချဲ့စက်ဖြင့် မြန်မာဘာသာ၊ပိုးကရင် ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအသိပညာပေးမှုများ ဆောင်ရွက်ရာမှာ ပြည်သူများ အနေဖြင့်မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှ လာသောဧည့်သည်များအား လက်မ ခံပါရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း မှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်စသည့် အသိပညာပေး နှိုးဆော်ချက် များအား လိုက်လံနိုးဆော် ပေးခဲ့ကြောင်း သိရသည်။
သန်ထွန်းနိုင် ကျိုက်ဒုံ (ပြန်/ဆက်)