အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အငြိမ်းစား ဝန်ထမ်းများနှင့် ပြည်သူများမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့့်် ယနေ့ နံနက် ၉ နာရီ အချိန်က မနောသုခ ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင်နှင့် ကြက်ဥ တစ်လုံး ကို ငွေကျပ် တစ်ရာနှုန်းဖြင့် အမှတ် (၃)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတုတ္ထအသုတ် ပထအကြိမ်ကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင်  ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။
Sep 21,2021
မော်လမြိုင်မြို့၊ကျက်သရေဆောင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး အန္တရာယ်ကင်းအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်  ပဌာန်းသိမ်းအောင်ပွဲမင်္ဂလာ  အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ရင်ပြင်တော် ပဌာန်းဓမ္မာရုံ၌ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များတက်ရောက်သည်။ 
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက ်အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၉ ရက် နေ့မှစ၍ ဘိုးဘွားများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးလျက်ကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-ရသေ့တောင်-စစ်တွေမြို့များသို့ ပြေးဆွဲလျက်ရှိသည့်ပုဂ္ဂလိကပိုင် ရွှေပြည်တန် အမြန်ရေ ယာဉ်မှာ လက်ရှိဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့်၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ခေတ္တရပ်နားထားခဲ့ရာမှ  ယနေ့နံနက်(၇) နာရီအချိန်က ဘူးသီးတောင်မြို့မှ ရသေ့တောင်-စစ်တွေမြို့သို့ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ပြန်လည် ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ၊ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ကွင်းကြီးကမ်းနား ကျေးရွာ၏ဘုန်းတော်ကြီးကျောင်း ၌ ယမန်နေ့ကမြို့နယ် လူဝင်မှုကြီးကြပ်ရေးနင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာခေါင်း ဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းများကို ၊ ယနေ့ နံနက် (၉:၃၀)နာရီ က ဇလင်း တောင်ကျေးရွာအုပ်စု ဇလင်းတောင်ကျေးရွာနှင့် ထန်းတောရိုးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။