ပုလော စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၊ မြိုပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမအရှေ့ မြိတ်-ထားဝယ် ကားလမ်းမပေါ် ခရီးသွားမိဘပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း၊ အသိ ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ၊ မရှိ စစ်ဆေး ခြင်း နှင့် ပါးစပ်၊နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ခရီးသွားပြည်သူများ အား အသိ ပညာပေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အေးအေးမော် (ပုလော)