ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာနှင့် စကော ကရင်ဘာသာဖြင့်အသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်

သံတောင်ကြီး   စက်တင်ဘာ ၂၁

                  

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့ မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင် ဘာသာဖြင့် အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘ ပြည်သူများ အနေဖြင့်အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန် ၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည် များလက်မခံရန် နှင့် အခြား သူများထံသို့သွားရောက်မလည်ပတ်ရန် ၊ အရေးကြီးကိစ္စနှင့် အပြင် ထွက်ပါက လူတိုင်း Maskကို စနစ် တကျတပ်ဆင်ရန် ၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန် ၊ လက်ကိုမကြာခဏဆေးရန် ၊လက်မဆေးဘဲ ပါးစပ် ၊နှာခေါင်း နှင့် မျက်စိတို့ကို ပွတ်သပ်ကိုင် တွယ်ခြင်း မပြုလုပ်ရန် ၊ လေဝင်လေထွက် ကောင်းသောအခန်း၌သာနေထိုင်ရန် ၊ရောဂါကူးစက် ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန် ၊ကိုဗစ်-၁၉ ရောဂါသည် သက်ကြီး ရွယ်အိုများနှင့် ဆီးချို ၊ နှလုံး၊သွေး တိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါထိခိုက်နိုင်သဖြင့်  ပူးပေါင်းပါဝင်လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိ ပညာပေး နှိုးဆော် မှုများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)