တနင်္သာရီ စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄) နှစ်အကြားရှိ ဦးစားပေးအဆင့် လိုက်ပြည်သူများအား တကူတိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့က အထက-တကူ ကျောင်းအတွင်း လူဦးရေ(၂၀၀)ဦးအား (ပထမ)အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုး နှံပေးခြင်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ယင်းသို့ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅၅)နှစ်မှ (၆၄)နှစ် အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းအုပ်စုများ၊ ယာယီပြောင်းရွှေ့စခန်းများရှိ ပြည်သူများ၊ မကူးစက်နိုင်သောရောဂါရှိသူများ၊ နာတာရှည်ရောဂါရှင်များစသဖြင့် ဦးစားပေး အဆင့်လိုက် ထိုးနှံပေးရာ (၅၅)နှစ်အထက် (၁၀၄)ဦး၊ ပရဟိတအဖွဲ့ (၄၈)ဦး၊ ဝန်ထမ်း(၆)ဦး၊ ဈေးရောင်းချသူများ (၃၃)ဦး၊ ပို့/ဆက်လုပ်သား(၁၁)ဦးနှင့်နာတာရှည်(၃)ဦး၊ စုစုပေါင်း (၂၀၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ အလားတူစက်တင်ဘာလ၂၁ရက်နေ့တွင် တကူတိုက်နယ် ဆေးရုံ အပိုင် ဧရိယာအဖြစ် ကာကွယ်ဆေးထိုးသူများ သွားလာမှု အဆင်ပြေစေရန် အထက-တကူကျောင်းနှင့် သာရဘွင်ရွာ ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ် (၂)နေရာခွဲ၍ လူဦးရေ (၃၀၀)ဦးအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဖြိုးမြင့်ကြည် ထံက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း