မောက်မယ်မြို့နယ်၌ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်၂နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

မောက်မယ်         စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ ) လများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး    လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ချိုချိုလွင်က မောက်မယ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မိမိရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၃၆၂)ဦးနှင့် အသက်၂နှစ်အောက် ကလေးငယ်(၃၁၃)ဦးအတွက် တစ်ဦးလျှင် ကျပ်လေးသောင်းငါးထောင်နှုန်း ဖြင့် ထောက်ပံ့ငွေ(၃၀၃၇၅၀၀ဝိ/)ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက် ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                            စိုင်းမျိုးသန့်(မောက်မယ်)