ပလောက် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေ၏လမ်းညွှန်မှုအရ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်ရာအိမ်မှူးများပူးပေါင်း၍ ယမန်နေ့ ည(၆)နာရီအချိန်မှစပြီး ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့် တတိယအသုတ် (ပထမ)အကြိမ် ကာကွယ်ဆေးကို စက်တင်ဘာလ၂၁ ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ဆင်ထိုးကြီးကျေးရွာ၊အရှေ့ကမ်းဘုန်းကြီးကျောင်း၊ဓမ္မာရုံတွင် လာရောက်ထိုးနှံနိုင် ရေးကိုအသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရ သေးသည့် အသက်(၅၅) နှစ်မှ (၆၄) နှစ်အထိ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းအုပ်စုများနှင့် ယာယီစခန်းများ(ရပ်ကွက်အတွင်း အိမ်ထောင်စု မရှိဘဲ လာရောက်နေ ထိုင်သူ)၊နာတာရှည် နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ(မည်သူမဆို)၊ EAO များကို ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ရာ လာရောက်ထိုးနှံကြရန်၊ ကိုဗစ်−၁၉ ရောဂါသည်လျှင်မြန်စွာကူး စက်ပျံ့ပွားမှု ဖြစ်နေ သဖြင့် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာ တွင် နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာ နှင့် မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များ ကို တိကျစွာလိုက်နာရန် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)