ဒုံဟီးမြို့အတွင်းရှိ ကျေးရွာအုပ်စုနှင့်မြို့ပေါ် ရပ်ကွက်မျာအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးဒုတိယအကြိမ် ထိုးနှံပေး

ဒုံဟီး စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းသေဒကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဒုဟီးမြို့တွင် မြို့ပေါ် (၃)ရပ်ကွက် နှင့် ဂကြီးချမ်းမြူးအုပ်စု၊ လာမာကျေးရွာအုပ်စုနှင့် ဗိုလ်တဲနုတ်ညိုးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ညနေပိုင်း(၃)နာရီအချိန်က ဒုံဟီးမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ဦးတည်ကျေးရွာအုပ်စု နှင့်မြို့ပေါ်(၃)ရပ်ကွက်တို့အား ဦးစားပေး ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ (၂၀၀)ဦးအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

၎င်းကာကွယ်ဆေးထိုးနှံရာသို့ ဒုံဟီးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာနှင့် လူမှု‌ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိကြောင်း ဒုံဟီးမြို့ တိုက်နယ်ဆေးရုံမှ ဆရာဝန်ဦးအောင်တင်ဝင်းထံမှ သိရသည်။

 

ဒုံဟီး(ပြန်/ဆက်)