ပေါက်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းကူး-ကျွန်းတိုင်းတံတား ချဉ်းကပ် လမ်းတာ‌ပေါင် ဘေးရှိ ကျောက်စီမြေကာနံရံပြိုကျပျက်စီး

ပေါက် စက်တင်ဘာ ၂၁

 

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာလ တတိယပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းကူးကျေးရွာအုပ်စု ချောင်းကူး၊ ဂွေးဂုံအုပ်စုနှင့် ကျွန်းတိုင်းကျေးရွာအား ဆက်သွယ် ထားသော ချောင်းကူး-ကျွန်းတိုင်းတံတား ချဉ်းကပ်လမ်းတာပေါင်ဘေးရှိ ကျောင်းစီမြေကာနံရံသည် ကျောချောင်းရေ တိုက်စားမှုကြောင့် ယမန်နေ့ နေ့လယ်၁၂ နာရီအချိန်ခန့်က ပေ ၃၀ ခန့် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

 အဆိုပါ ကျောက်စီမြေကာနံရံ ပြိုကျပျက်စီးမှုကြောင့် ဆုံးရှုံးမှုတန်ဘိုးငွေကျပ် (၁၀၀၀၀၀၀/-)ခန့်ရှိပြီး လူနှင့် တိရစ္ဆာန်များထိခိုက်မှု မရှိကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနနှင့် ချောင်းကူးကျေးရွာရှိပြည်သူများ ပူးပေါင်း၍ ယာယီပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဥမ္မာကျော်(ပြန်/ဆက်)