မိုးနဲ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ် ၁၃ ဦးကို စက်တင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းက ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၂၄ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ အမှတ်(၄) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်တို့မှ အမျိုးသမီးနှစ်ဦးတ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း ဖြစ်၍ တိုက်နယ်ဆေးရုံးသို့လာရောက်ပြသစဉ် (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် ယင်းတို့နှင့် ထိတွေ့မှုရှိသူ ၂၀ ဦးတို့ကို (RDT) Test Kit ဖြင့်ဆက်လက်စစ်ဆေးခဲ့ရာ အမှတ်(၄) ရပ်ကွက်နေသူ အမျိုးသမီးအပါအဝင် ၆ ဦး၌ လည်းကောင်း ၊အမှတ် (၅)ရပ်ကွက်နေသူ အမျိုးသမီးအပါအဝင် ၇ ဦး၌လည်းကောင်း စုစုပေါင်း ၁၃ ဦး စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့အတည်ပြုလူနာများကို ကျိုင်းတောင်းမြို့ မွေတော်မြို့နံဓမ္မာရုံ Positive Center သို့ပို့ဆောင်၍ ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးမတွေ့ရှိသူများအား ၎င်းတို့၏နေအိမ်တွင် Stay at Home အဖြစ် အသွားအလာကန့်သတ်ထားရှိကြောင်းသိရှိရပြီး ယနေ့အထိ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း ၁၂၄ ဦး ၊ဆေးရုံမှဆင်းခွင့်ရရှိသူ ၉၅ ဦး ၊ သေဆုံးသူ ၇ ဦး ၊ဆေးကုသမှုခံယူနေသူ ၂၂ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)