Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာချီလိတ်မြို့တွင် Rapid Test Kit စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ /မရှိ လာရောက်စစ်ဆေးခဲ့သူ(၁၀၇)ဦးရှိ
Sep 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် လာရောက်စစ်ဆေးမှု ခံယူခဲ့သူ(၁၀၇)ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ် အတွင်းရှိ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆောင်ရွက်
Sep 21,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံက် (၉:၀၀) အချိန်က အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ သဘာဝဘေးဒဏ်ကြောင့် အသက်သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်
Sep 21,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ရွှေဝါကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်နေ့က သဘာ၀ဘေး(မိုးကြိုးပစ်ခံရမှု)ကြောင့် အသက်(၁၂) နှစ်ရှိ မိန်ကလေးငယ်တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ဒေသခံပြည်သူ ၁၆၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့
Sep 21,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက စီစဉ်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က မြို့နယ်ခန်းမနှင့် နမ့်မန်းကျေးရွာ ဆေးထိုးစုရပ်တို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး လှည့်လည်အသိပေးနှိုးဆော်
Sep 21,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုများပြီး ရောဂါကူးစက်ခံရမှု လျော့နည်းရန် ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများ ထိုးနှံကာကွယ်နိုင်ရန်နှင့် ပြည်သူ့များ ကိုဗစ်-၁၉ စည်းကမ်းချက်များ ပိုမိုသိရှိနားလည်ကာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ လှည့်လည်အသိပေးနှိုးဆော်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့က ယမန်နေ့ ညနေ(၆)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့၌ အသက် ၅၀ နှစ်နှင့်အထက် မိဘပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် မိဘပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံပေးခဲ့သည် ။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.ကကျောင်း၌ ယနေ့နံနက် ၉နာရီ အချိန်က စတင်၍ ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၇)အုပ်စုမှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့ ရပ်ကွက် (၃)ခုမှ အသက်-၁၈ နှစ်အထက်ပြည်သူတို့အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ခြင်းကို မြို့ပေါ်ရပ်ကွက်(၁) /(၂)/(၃) ခု အတွင်းရှိအသက် ၁၈ -နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်( ၉)နာရီ မှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25474
Page
25475
Page
25476
Page
25477
Current page
25478
Page
25479
Page
25480
Page
25481
Page
25482
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department