Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သုံးခွမြို့နယ်တွင် အသက် ၅၅ နှစ်အထက် ပြည်သူများကို ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်၅၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများကို (ပထမအကြိမ်) ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို သက်ဆိုင်ရာ စုရပ်များအလိုက် ယမန်နေ့နံနက် ၉နာရီအချိန်မှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူများ၏ ရင်တွင်းစကားသံများ
Sep 21,2021
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ ဦးရေမှာ သံဃာ၊သီလရှင်နှင့်ပြည်သူပေါင်း(၇၂၄)ဦးဖြစ်ပြီး ဆေးရုံဆင်ခွင့်ရရှိသူပေါင်း (၃၇၇) ဦး၊ ကိုဗစ်-၁၉ Positive လူနာများအနက် သေဆုံးသူပေါင်း(၄၁)ဦးရှိပြီးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းအရသိရပြီး၊ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူ များ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်တွင် မိုင်းယန်းလူငယ်အသင်းမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခက်အခဲရှိသောအခြေခံလူတန်းစား များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျေးရွာအရောက် သွားရောက်ထိုးနှံပေး
Sep 21,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ဝမ်တောင်းကျေးရွာနှင့် နောင်ဟွိုင်ကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့က ကျေးရွာအရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက် ထိုးနှံသူ ၃၃၀ ဦးရှိ
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်တွင်မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်မှ အသက်၅၅ နှစ်မှ ၆၄ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက်ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက စတင်၍ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာပြည်သူ ၃၃၀ ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၌ အငြိမ်းစား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ပင်စင်လစာများ ထုတ်ပေးခြင်းကို ကေတုရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက စတင်၍ အလှည့်ကျ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို တိုင်းရင်းသားဘာသာများဖြင့် တိုက်တွန်းနှိုးဆော်
Sep 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ အသက် ၅၅ နှစ်မှ အသက် ၆၄ နှစ်အကြား အသက်အရွယ်ရှိသူများအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Sep 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်အရွယ်ရှိသူများအား (ထမအကြိမ်) ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးအား ယနေ့နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25473
Page
25474
Page
25475
Page
25476
Current page
25477
Page
25478
Page
25479
Page
25480
Page
25481
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department