ဝန်းသိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ဝန်းသို စက်တင်ဘာ ၂၁

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အ.ထ.က-ဂျိုးတောင်ကျောင်းတွင် ပြည်သူ ၃၅၅ ဦးကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်တွင် (ပထအဆေးခွဲတမ်း Sinopharmအမျိုးအစားဆေးအလုံးရေ ၁၁၈၀ လုံး)အား ဒုတိယ အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၃ ရက်နေ့မှ စတင်ဆောင်ရွက် ခဲ့ရာ ယနေ့အချိန်ထိ ဆေးလုံးရေ ၇၆၂ လုံး၊ ပြည်သူ ၃၈၁၀ ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိ နေသူများကို နမ်းခမ်းမြို့မ ကျောင်းဓမ္မာရုံ၊ အ.ထ.က(ခွဲ)သင်တောကျောင်း၊ ဦးအောင်မြတ်ခန်းမနှင့် ကင်းဘုန်း တော်ကြီးကျောင်း ဓမ္မာရုံတို့တွင် သတ်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ထို့အတူ မြို့နယ်အတွက်ရရှိခဲ့သည့်(ဒုတိယဆေးခွဲတမ်း Sinopharm အမျိုးအစား အလုံးရေ ၁၀၀၀) အား ကာကွယ် ဆေးထိုးရန်ကျန်ရှိနေသူပြည်သူများကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး လျက်ရှိရာ  ယနေ့ထိ ဆေး ၁၁၂လုံး၊ ဦးရေ ၅၆၀ ဦးကို ထိုးနှံပြီးစီးပြီးကျန်ရှိသည့် ဆေးလုံးရေ ၈၈၈ ကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင်