အငြိမ်းစားဝန်ထမ်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဆန်တစ်ပြည် ငွေကျပ် (၁၀၀၀ )နှင့် ကြက်ဥ တစ်လုံးကို ငွေကျပ် (၁၀၀)နှုန်းဖြင့် လာရောက်ရောင်းချပေး

ကော့ကရိတ် စက်တင်ဘာ ၂၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အငြိမ်းစား ဝန်ထမ်းများနှင့် ပြည်သူများမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့့််  ယနေ့ နံနက် ၉ နာရီ အချိန်က မနောသုခ ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင်နှင့် ကြက်ဥ တစ်လုံး ကို ငွေကျပ် တစ်ရာနှုန်းဖြင့် အမှတ် (၃)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့်တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်း တစ်အိမ်ထောင်လျှင် မနောသုခ ဆန်သုံးပြည်နှင့် ကြက်ဥ ၁၀လုံး နှုန်းဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ရောဂါ ညွှန်ကြားချက်နှင့်အညီ လာ ရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုဗစ် - ၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အချိန်မှာ ယခုလို ကျွန်မတို့ အငြိမ်း ဝန်ထမ်းတွေကို စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသောက်နိုင်ဖို့ လာရောက်ရောင်းချပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ဟု ကျုံဒိုးမြို့နေ အငြိမ်းစား ဝန်ထမ်းတစ်ဦးမှ ပြောကြားသည်။

 

ခရိုင်(ပြန် / ဆက် )