ကွတ်ခိုင် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက ်အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၉ ရက် နေ့မှစ၍ ဘိုးဘွားများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးလျက်ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက် ထောက်ပံ့ခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၃၅၄)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၁၀၆၂၀၀၀၀/-)အား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေမြတ်မွန်နှင့်ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဘိုးဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးဌေး (ကွတ်ခိုင်)