အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့ နံနက် (၆)နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
Sep 21,2021
ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ရောဂါကူးစက်ခံရသူ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်ပေးမည့် အောက်ဆီဂျင်စက် ယနေ့နံနက်(၇)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန်အတွင်းသို့ ရောက်ရှိကြောင်းသိရသည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနများနှင့် ကာကယ်ဆေး ထိုးစင်တာများ၊ စုစုပေါင်းစင်တာ(၉)ခု၌ လူဦးရေ(၃၀၀၃)ဦးခန့်ထိုးနှံပေးပြီး ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါစင်တာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန် ချက်များအရ ယနေ့ နံနက် ၁၁ နာရီ အချိန် က မြို့ပေါ် ရပ်ကွက် ရှိလူစည်ကားရာ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိ ပေးနှိုးဆော်ပေးခြင်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်မှ မှုလူမှုရေးပင်စင် တစ်ဦးလျှင်ငွေကျပ်၃၀၀၀၀နှုန်း ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ထပ်ဆင့်ပေးအပ်ခဲ့သည်။
Sep 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် မြန်မာ ဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့ပေါ် ရပ်ကွက် များနှင့် လမ်းဆုံလမ်းခွများ တွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉:၃၀ချိန်တွင် နဝဒေးရပ်ကွက်၊ အ.ထ.က (၂၀)အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက် ထိုးနှံပေးခဲ့သည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ(၂၈) ဦး အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ စက်တင်ဘာလ (၂ဝ) ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၁) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ထားရှိကုသပေးလျက် ရှိကြောင်း သိရသည်။