ဘူးသီးတောင်-ရသေ့တောင်-စစ်တွေမြို့များသို့ ပြေးဆွဲလျက်ရှိသည့်ရွှေပြည်တန် အမြန်ရေယာဥ်မှာကိုဗစ်-၁၉ ရောဂါကြောင့်ခေတ္တရပ်နားထားခဲ့ရာမှ ပြန်လည်ပုံမှန်ပြေးဆွဲလျက်ရှိ

ဘူးသီးတောင် စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-ရသေ့တောင်-စစ်တွေမြို့များသို့ ပြေးဆွဲလျက်ရှိသည့်ပုဂ္ဂလိကပိုင် ရွှေပြည်တန် အမြန်ရေ ယာဉ်မှာ လက်ရှိဖြစ်ပေါ်နေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကြောင့်၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ခေတ္တရပ်နားထားခဲ့ရာမှ  ယနေ့နံနက်(၇) နာရီအချိန်က ဘူးသီးတောင်မြို့မှ ရသေ့တောင်-စစ်တွေမြို့သို့ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပုံမှန်ပြန်လည် ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။

 

 ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်ပြန့်နှံမှု လျော့နည်းလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာယာစွာ ရေကြောင်းခရီးဖြင့်သွားလာနိုင်ရန်အတွက်   ရွှေပြည်တန် အမြန်ရေယာဉ်များအား တစ်ပတ် လျှင်(၂)ရက် အင်္ဂါ၊ စနေနေ့ပြေးဆွဲ ပေးမည်ဖြစ်ပြီး ခရီးသွားပြည်သူများအား ရောဂါကူးစက်မှု မရှိစေရေးအတွက်  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိမ်းချုပ်ရေးနှင့်အရေးပေါ်ကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်စီစဉ်ဆောင်ရွက်မှုနှင့် ရွှေပြည်တန်အမြန်ရေယာဉ်အား ကျန်းမာရေးဆိုင်ရာ ညွှန်းကြားချက်များနှင့်အညီ  ခရီးသွားပြည်သူများအား ရေယာဉ်ပေါ်သို့ မတက်ရောက်မီ လက်ကိုစက္ကန့် (၂၀) စနစ်တကျဆေးကြောပြီးမှ ရေယာဉ်ပေါ်သို့ လိုက်ပါစီးနှင်းကြရန် ခရီးသွားပြည်သူများအနေဖြင့်လည်း ရေယာဉ်စီးနှင်းသည့်အခါတိုင်း ပါးစပ်နှင့်ခေါင်းစည်းများ တပ်ဆင်ပြီးမှခရီးသွားလာကြရန်နှင့် ကိုဗစ် -၁၉ ကူးစက် မြန်ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ပုံမှန် စတင်ပြေး ဆွဲပေးလျက်ရှိကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)