မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၌  အန္တရာယ်ကင်း အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ (၅)ရက်တာ ပဌာန်းသိမ်းအောင်ပွဲ ကျင်းပ

မော်လမြိုင် စက်တင်ဘာ  ၂၁

 

မော်လမြိုင်မြို့၊ကျက်သရေဆောင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး အန္တရာယ်ကင်းအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်  ပဌာန်းသိမ်းအောင်ပွဲမင်္ဂလာ  အခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ရင်ပြင်တော် ပဌာန်းဓမ္မာရုံ၌ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များတက်ရောက်သည်။ 

 

အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး မော်လမြိုင်မြို့၊  ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမ   ကျောင်းတိုက်ကြီး၏   ဦးစီးပဓါန နာယက၊ မွန်ပြည်နယ် သံဃနာယကအဖွဲ့၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊ဂန္တဝါစက ပဏ္ဏိတ၊ ဘဒ္ဒန္တ သာသန အရှင်သူမြတ် ထံမှ ဧည့်ပရိသတ်အပေါင်းတို့က   ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး  လှူဖွယ် ဝတ္ထုများဆက်ကပ် လှူဒါန်းပေးကာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင် ကျောင်းတိုက်ကြီး၏ဦးစီးပဓါနနာယက၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ဂန္တဝါစကပဏ္ဏိတဘဒ္ဒန္တ ဝိမလ ထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူကာလှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းလောင်း  အမျှပေးဝေသည်။

 

မွန်ပြည်နယ်၊   မော်လမြိုင်မြို့  ကျိုက်သလ္လံစေတီတော်မြတ်ကြီး၌   အန္တရာယ်ကင်း အသံမစဲ မဟာပဌာန်း   ရွတ်ဖတ်ပူဇော်ပွဲကို  ဆရာတော်၊   သံဃာတော် ၊   အရှင်သူမြတ်များက   ၅ ရက်တာ အောင်မြင်စွာ မဟာပဌာန်းရွက်ဖတ် ပူဇော်ကြကြောင်း သိရသည်။ 

 

    ဇာဖြူဝင်း(ပြန်/ဆက်)