ပန်းခင်းစီမံချက်ဖြင့် ဂွမြို့နယ် ဒေါင့်ချောင်းကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်

ဂွ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ၊ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ကွင်းကြီးကမ်းနား ကျေးရွာ၏ဘုန်းတော်ကြီးကျောင်း ၌ ယမန်နေ့ကမြို့နယ် လူဝင်မှုကြီးကြပ်ရေးနင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှချိုချိုနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ရာ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အမြန် ရရှိနိုင်ရေး အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ ပျောက်ဆုံး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ပျက်စီးနေသော နိုင်ငံသားကတ်ပြားများ၊ သန်းကောင်စာရင်းများကို လည်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုလို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးရာတွင် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ကွင်းကြီး ကမ်းနားကျေးရွာမှကျား(၆၀)ဦး၊ မ (၇၆)ဦး စုစုပေါင်း(၁၃၆)ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

ရွှေရည်ဝင်းကျော်