ဖယ်ခုံမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံပေးလျက်ရှိ

 

ဖယ်ခုံ     စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတုတ္ထအသုတ် ပထအကြိမ်ကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင်  ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးနှံရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm Covid-19 ရောဂါ ကာကွယ်ဆေးကို လူဦးရေ ၂၉၀၀ ဦးအတွက် ရရှိပြီး ယနေ့ မြို့နယ်ဆေးရုံတွင် ပထမနေ့ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံဆေးထိုးစုရပ်နှင့် မိုးဗြဲကျေးရွာအုပ်စု ဆေးထိုးစုရပ် နှစ်ခုရှိပြီး မိုးဗြဲကျေးရွာအုပ်စု ဆေးထိုးစုရပ်တွင်လည်း စတုတ္ထအကြမ် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် (၂-၇-၂၀၂၁) ရက်နေ့မှ (၁၉-၉-၂၀၂၁) ရက်နေ့ထိ  စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃၀၄ ဦး ရှိပြီဖြစ်ကြောင်းနှင့် သေဆုံးသူ ၁၅ ဦးရှိကြောင်း၊ ရောဂါပိုးကင်းစင်လာသူ ၂၁၀ ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

ကာကွယ်ဆေး ထိုးရန်လာသူများအား  စနစ်တကျ စာရင်းကောက်ယူခြင်း၊ စောင့်ဆိုင်းရန် စီစဉ်ပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးစနစ်တကျထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် ပြန်/ဆက်