ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာခေါင်း ဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေး အသိပညာပေးသင်တန်းများကို ၊ ယနေ့ နံနက် (၉:၃၀)နာရီ က ဇလင်း တောင်ကျေးရွာအုပ်စု ဇလင်းတောင်ကျေးရွာနှင့် ထန်းတောရိုးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရေပေးရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့သော ဇလင်းတောင်ကျေးရွာနှင့် ထန်းတောရိုး ကျေးရွာတို့တွင် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေးအသိပညာပေး ဆွေးနွေး ပွဲများကို အဆိုပါကျေး ရွာများရှိ ရွာလယ်ဓမ္မာရုံများတွင် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာပေးသင်တန်း များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက ခေါင်းဆောင်မှုဆိုင်ရာ အချက်အလက်များ၊ ဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသော ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းများ၊ မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်း ဆိုင်ရာများနှင့် ဆောင်ရွက် ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အချက်များနှင့် ကျေးရွာစွန့်ပစ် အမှိုက်နှင့် သန့်ရှင်းသာယာ လှပရေးဆိုင်ရာ အချက်များ၊ လူမှုအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာများကို သင်တန်းပေး ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသိပညာပေးသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဆောင်ရွက်ပြီး လုပ်ငန်းများအား ရေရှည်အသုံးပြုနိုင်ရေး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် သန့်ရှင်းသာယာလှပ စေရန်လည်းကောင်း လုပ်ငန်း များဆောင်ရွက်ရာတွင် တာဝန်ယူမှု တာဝန်ခံမှု အပြည့် ဖြင့်ဆောင်ရွက်တတ်စေရန်လည်း ကောင်း အစရှိသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းကပြောသည်။ သင်တန်း များသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ၊ လုပ်ငန်းကော်မတီ ဝင်များ ကျေးရွာတစ်ရွာလျှင်(၂၈)ဦးတက်ရောက် ခဲ့ကြကြောင်းသိရသည်။
နေအောင်