Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသွားအလာကန့်သတ်မှုများ အသိပေးနှိုးဆော်
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သူလျော့ကျစေရေးအသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ ညပိုင်းက အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ ပြည်သူများ သိရှိစေရန် လှည့်လည်အသိပေးနှိုးဆော်
Sep 24,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မင်းလည်ကျေးရွာတွင် ယနေ့နံနက် (၈)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မင်းလည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့့််အဖွဲ့ဝင်များ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးညွှန်ကြားချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မင်းလည်ကျေးရွာအတွင်း လှည့်လည်ကာ Hand Spaker ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) မထိုးနှံရသေးသည့် ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် Volunteer များ၊ စက်ရုံ၊ အလုပ်များမှ ဝန်ထမ်း များ၊ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ နာတာရှည် ရောဂါရှိသူများနှင့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ စက်မှုဇုံ၊ အမှတ်(၁၆)ရပ်ကွက်ရှိ အမှတ်(၃၇)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် လှော်ကားကျေးရွာ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များက ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
အောက်ဆီဂျင်စက်ထားရှိရန် အဆောက်အဦး ဆောက်လုပ်မှုတွင် အသုံးပြုရန်အတွက် အလှူငွေများနှင့် ဘိလပ်မြေအိတ်များလာရောက်လှူဒါန်း
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ရောက်ရှိလာပါက ထားရှိရန် အဆောက်အဦးကို မြို့နယ်ပြည်သူ့ ဆေးရုံ၀င်း မြေကွက်လပ်တွင် ဆောက်လုပ်လျက်ရှိရာ လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန် အလှူငွေများနှင့် ဘိလပ်မြေအိတ် များကို ယမန်နေ့က အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိ
Sep 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့် ကျေးရွာများအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မိသားစုများနှင့် Stay Home မိသားစုများအား အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မိသားစုများနှင့် Stay Home မိသားစုများအား ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံ စား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန် (Agro ecological Zone)များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ
Sep 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးမှုပတ်ဝန်း ကျင်ဇုန် (Agro ecological Zone)များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ဆက်လက်ထိုးပေးရန်နှင့် ဆေးထိုးရန် မကျန်ရှိစေရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Sep 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူ များအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အတွင်း ရှိရပ်ကွက်များအတွင်းလှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25455
Page
25456
Page
25457
Page
25458
Current page
25459
Page
25460
Page
25461
Page
25462
Page
25463
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department