Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဇလွန်မြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ဇလွန်မြို့နယ်တွင် ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ မသန်စွမ်းသူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က (၁)ဇလွန်နှင့် သက္ကယ်ကျွန်း၊ ပျဉ်းမကုန်း၊ သာဒုချောင်း၊ ရေလဲ၊ ကော့ကပ်၊ ဒေါင့်ကြီး၊ မေရီလန်းကျန်းမာရေးဌာနတို့တွင် ယနေ့နံနက် ၈ နာရီအချိန်ခန့်မှ စတင်၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင် တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတ အဖွဲ့အစည်းများနှင့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော လ…
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင် တာများတွင် တာဝန်ထမ်း ဆောင်ကြမည့်ပရဟိတအဖွဲ့အစည်းများနှင့်Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteerများအတွက် ဆဌမအကြိမ်မြောက်သင်တန်းကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက်(၅၅)နှစ်နဲ့(၆၄)နှစ်ကြားပြည်သူများနှင့် ဆွံ့အမ သန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Sep 24,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၅၅)နှစ်နဲ့(၆၄)နှစ်ကြားပြည်သူများနှင့် မသန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံ ပေး လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာ ပိုးတွေ့ ( ၂၂ ) ဦး ထပ်မံတွေ့ရှိ
Sep 24,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ကျန်းမာရေး စင်တာများတွင် စစ်ဆေးရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ ( ၂၂ ) ဦး တွေ့ရှိ ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃၁၃၃)ဦးထိ ရှိလာပြီး ၃ ဦး ထပ်မံ သေဆုံး
Sep 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၁၃၃)ဦး ထိရှိလာပြီး ယမန်နေ့က ၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ အသက် ၅၅ နှစ် မှ ၆၄ နှစ်ကြား ပြည်သူများ၊ မသန်စွမ်းသူများ၊ Ethnic Armed Organizaton (EAO)များ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသ…
Sep 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသက် ၅၅ နှစ် မှ ၆၄ နှစ်ကြား ပြည်သူများ၊ မသန်စွမ်းသူများ၊ Ethnic Armed Organizaton(EAO)များ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆီနိုဖန်း ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက် (ယနေ့)တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ဆေးထိုးစုရပ် နေရာ(၅)ခု၌ တာဝန်ရှိသူများက ထိုးနှံပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်းမြို့ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားနေသဖြင့် ရောဂါကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပဲနွယ်ကုန်းမြို့ ရပ်ကွက်အတွင်း၌ လူနေထူထပ်သည့် လမ်းဆုံ လမ်းခွနေရာများတွင် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်သောအဖွဲ့သည် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်တွင် ဖျာပုံမြို့ အမှတ်(၁၁)သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25451
Page
25452
Page
25453
Page
25454
Current page
25455
Page
25456
Page
25457
Page
25458
Page
25459
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department