ရွှေဘို စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့် ကျေးရွာများအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၁၀)ရီက ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်၊ သက်သာပန်းတောင်းရပ်ရှိ ၊ ကမ္ဘာလုံးအေးစေတီဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူး ဦးစံထွန်းအေး က “ပန်းခင်းစီမံချက်” ပြည်သူများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးပြားများ ကွင်းဆင်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည် ထို့နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးစိုးစိုး၊ မြို့နယ်ဦးစီးမှူး ဦးစံထွန်းအေးနှင့် ဝန်ထမ်းများ နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်လျှောထားသူ ကျား၊မ စုစုပေါင်း(၂၃)ဦး တို့ကိုကျန်းမာရေးဝန်ကြီးဌာမှ ညွှန်ကြား ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ (အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)