Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိတ္ထီလာမြို့နယ် ကျောင်းရွာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းဆောင်ပြုပြင်ဆောက်လုပ်ရန် လှူဒါန်းငွေ ၈ဝ သိန်းကျပ် ပေးအပ်လှူဒါန်း
Sep 24,2021
မိတ္ထီလာမြို့နယ် ကျောင်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အောင်သဇင်ကျောင်းဆောင် ပြန်လည် ပြုပြင် ဆောက်လုပ်ရန်အတွက် လှူဒါန်းငွေ ၈ဝ သိန်းကျပ်အား ယမန်နေ့နံနက် ၁ဝ နာရီအချိန်က နယ်စပ် ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများအားစုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက် ထိုးနှံပေး
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ များအားစုရပ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉နာရီမှ စတင်ထိုးနှံပြီး ယနေ့တွင် အဌမနေ့ မြောက်အဖြစ် ဆေးထိုးစုရပ် (၁၀)နေရာတွင် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ပြည်သူ ၂၅၅၃၀ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) အေးချမ်းစွာ ထိုးနှံပေးနိုင်ခဲ့
Sep 24,2021
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)တတိယသုတ် ပထမအကြိမ်ကို စက်တင်ဘာလ ၁၆ရက်နေ့မှ သတ်မှတ်အုပ်စု ၁၃နေရာတွင် စတင်နှံပေးခဲ့ရာ ယမန်နေ့ထိ ပြည်သူ(၂၅၅၃၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အရေးပေါ်လူနာတင်ယာဉ် တစ်စီး ဝယ်ယူရန် အလှူငွေများ ပေးအပ်လှူဒါန်း
Sep 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြက်ခြေနီတပ်ဖွဲ့သို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီး ဝယ်ယူရန်အတွက် အလှူငွေများကို စေတနာရှင်၊ အလှူရှင်များက ယမန်နေ့တွင် ပေးအပ်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံစေရေး အသံချဲ့စက် ဖြင့်နှိုးဆော်
Sep 24,2021
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါတိုင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်ကနိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၀န်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Sep 24,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာ၀န်ထမ်းဆောင်နေ ကြသော၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ၀န်ထမ်းမိသားစုများ စား၀တ်နေရေးတစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် ၀န်ထမ်းများအား ထောက်ပံ့ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ရှိ ကမ္ဘာလုံးစေတီတော်၌ တနင်္သာရီဒေသရိုးရာ ခေါသရပ်ပွဲတော်အဖြစ် မြိတ်ဒေသမုန့်အမျိုး (၄၀) ကျော်ကို သံဃာတော်နှင့်သီလရှင်များအား လှူဒါန်း
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီး၌ တနင်္သာရီရိုးရာ ခေါသရပ်ပွဲတော်အဖြစ် ယနေ့နံနက်ပိုင်းက စေတီတော်ရှိ ဓမ္မာရုံအတွင်း သံဃာတော်နှင့် သီလရှင်များအား ပင့်ဖိတ်၍ မြိတ်ဒေသမုန့်ဆွမ်း အမျိုး(၄၀)ကျော်ကို ကမ္ဘာလုံးကျောင်းတိုက် သာသနာပြုဆရာတော် ဦးဆောင်၍ အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25458
Page
25459
Page
25460
Page
25461
Current page
25462
Page
25463
Page
25464
Page
25465
Page
25466
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department