အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်းရှိအသက် (၄၀)နှစ်အထက်ပြည်သူများ၊ ဦးစားပေးအုပ်စုတွင်ပါဝင်သည့်ပြည်သူများအား စက်တင်ဘာ၁၉ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်) စတင်ထိုးနှံပေးရာယမန်နေ့အထိ ​ပြည်သူ(​၂၅၀၁)ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Sep 24,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကော ကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။
Sep 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) နှင့် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်ဝင်လာကြသည့်ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများမှ နေရပ်ပြန် ပြည်သူ(၁၆၈)ဉီးအား ကိုဗစ်-၁၉ရောဂါ ပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည် နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့် ယမန်နေ့က ​ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Sep 24,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာစေတီ တော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ (၂၃.၉.၂၀၂၁) ရက်နေ့ နံနက်(၉) နာရီ အချိန်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ဒဂုံမြို့နယ် နေရပ်ကွက်(၅)ခုမှ ပြည်သူ (၃၀၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူတစ်ဦး၏ ပြောကြားချက် ရင်တွင်းစကားသံများကို အား အောက်ပါအတိုင်း ဖော်ပြပေးပါသည်-
Sep 24,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံထားခြင်းမရှိပြည်သူများအား တတိယအသုတ် ပထမအကြိမ် တတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးခဲ့သည်။
Sep 24,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက်ပိုင်းက ကံလှကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြည်သူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။