အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့နယ်အတွင်း လှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်(၁၀)အချိန်မှ စတင်၍ ပြည်သူများ၏ အိမ်ထောင်စု စာရင်းရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းနှင့် အဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
Sep 24,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT)ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ ဆေးရုံဟောင်း၊ သူရဲသမိန်တိုက်နယ် ဆေးရုံ၊ မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် ဝေါမြို့နယ် Quarantine Center (၁) ခုရှိ အနံ့ပျောက်သံသယရှိသူ လူနာ (၁၀၄) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယနေ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၆၄၅)ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၅၀၇) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန်လူနာ (၂၄) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၁၁၁)ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စေတနာ့ဝန်ထမ်းများ(Volunteer)လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံမည်သူများ စာရင်းကောက်ယူနေမှုအား ယနေ့ နံနက်ပိုင်း ၉ နာရီအချိန် အမှတ်(၅) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ် ကာကွယ်ဆေးများ ကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး၊ ကိုဗစ် -၁၉ရောဂါ ကူးစက်ခံရ သော်လည်း ပြန်လည် ကောင်းမွန်လာသူ မမေဖူးရှိန် ၏ ရင်တွင်းစကားသံကို ယခုလို ဖော်ပြပေးလိုက်ရပါသည်။
Sep 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျှော့နည်းစေရန်ရည်ရွယ်ပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း ဒုတိယအသုတ်(ပထမ)အကြိမ်ကိုစက်တင်ဘာလ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ကာကွယ် ဆေးလာရောက်ထိုးနှံသူ(၂၄၆၇)ဦးရှိကြောင်း သိရသည်။
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့နယ်ခွဲစည်ပင်သာယာရေး ဌာနရုံး၀န်ထမ်း အိမ်ရာ(နှစ်)ထပ် အဆောက်အအုံသစ်ကို(၁.၂.၂၀၂၁)ရက်နေ့တွင်လုပ်ငန်း စတင်ဆောင်ရွက်ရာ(၃၁.၈.၂၀၂၁) ရက်နေ့တွင်ဆောက်လုပ်ပြီးစီးခဲ့ပါသည်။