အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့်     ဦးတည် အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉) နာရီအချိန်က စတင်ပြီးမင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့်ကျေးလက်ကျန်းမာရေး ဌာန စုရပ်များ၌ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိ ရသည်။
Sep 24,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 24,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ အနော်ရထာရပ် (ဥဇနရပ်ကွက်ရှိ) ဒေါ်ယဉ်ထွေး၏ ခြံဝင်းအတွင်းရှိ ထနောင်ပင်သည် ယနေ့နံနက် ၇ နာရီခွဲ အချိန်က ဒေါ်ယဉ်ထွေး၏ နေအိမ်ပေါ်သို့ လဲကျခဲ့ကြောင်း သတင်းရရှိ၍ ညောင်ဦးမြို့နယ် အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံ နယ်မြေရှိ ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များ၊ ပုဂံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့်နှင့် ဝန်ထမ်းများမှ သွားရောက်ခုတ်ထွင် ရှင်းလင်းပေးခဲ့ ကြောင်း သိရသည်။
Sep 24,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၄)ရက်မြောက်နေ့အဖြစ် ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ OSSခန်းမနှင့် ကျားတက်(အထက)တို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
Sep 24,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့ ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက      စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ကံဆိုသည်မှာစေတနာမုဒိတာအမှာစာများ” စာအုပ်ဖြင့်   စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီကပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Center)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီအချိန်တွင် ထီးချိုင့်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂) ဖွဲ့ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရပါသည်။
Sep 24,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ဖုန်ကုန်းကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ တာဝန်ခံရုံးတွင်  Test Kitဖြင့် ဆေးစစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း သိရသည်။
Sep 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခဲ့ သူများအနက် ထိခိုက်လွယ်အုပ်စုဖြစ်သော အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ နှင့်အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ၃နာရီအချိန်ခန့်က ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများက နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။