Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား တတိယအကြိမ်ထိုးနှံပေး
Sep 24,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို စက်တင်ဘာ ၂၂ ရက်နေ့ နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီ အထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် “ ပန်းခင်း ” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ကွင်းဆင်းဆောင်ရွက်ပေး
Sep 24,2021
ကချင်ပြည်နယ် ဗန်းမော်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်မြို့ အလယ်ရပ်ကွက်ရှိ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးအသိ ပညာပေးနံရံကပ်စာစောင်များပြသ
Sep 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များနှင့်အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေးစာစောင်များကို ပြသပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြန်မာနှင့် တိုင်းရင်းဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်
Sep 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ဗမာနှင့် ပိုးကရင်စသည့် တိုင်းရင်းသား ဘာသာစကားတို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်ခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မိုင်းရယ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများ ထော…
Sep 24,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးတို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာသို့ ရောက်ရှိ၍ ဟိုယ(အထက-ခွဲ) စာသင်ကျောင်း ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်း၊ နောင်မိုကျေးရွာအုပ်စု ပန်ကိုးကျေးရွာ မိုးစပါး (၁၀) ဧက သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်(၁)ဧက တင်း(၁၀၀)စံပြကွက် မြေဩဇာ ကြဲပက်နေမှုတို့ကို ကြည့်ရှု အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ကိုဗစ်ရောဂါအတည်ပြု ၅ယောက်မြောက် ကိုယ်ဝန်ဆောင်လူနာအား အောင်မြင်စွာ ခွဲစိတ်မွေးဖွား
Sep 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၁ နာရီချိန်၌ အမှတ်(၄) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အနီးရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေး စကောကရင်၊ မြန်မာဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်…
Sep 24,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများ ရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြစေရေးအတွက် မြန်မာဘာသာအပြင် စကောကရင် ဘာသာဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က မြို့နှင့်နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25459
Page
25460
Page
25461
Page
25462
Current page
25463
Page
25464
Page
25465
Page
25466
Page
25467
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department