စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန် (Agro ecological Zone)များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်း ဆွေးနွေးပွဲကျင်းပ

ထီးချိုင့် စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးမှုပတ်ဝန်း ကျင်ဇုန် (Agro ecological Zone)များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းမှ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန် (Agro ecological Zone) များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များအား  Power Point  ဖြင့် ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသော ဆက်စပ်ဌာနများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

ထိုဆွေးနွေးပွဲသို့ ဆက်စပ်ဌာနများဖြစ်သော ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်လွင်ဦး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဌေးဌေးသန်း၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်နိုင်ဦး၊ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ထွန်းဦး၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးကောင်းကျော်၊ စက်မှုလယ်ယာမှ တာဝန်ခံ ဦးမြင့်နိုင်ဦး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုဦးစီး ဒေါ်ဝေမာထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

 ရဲလင်းထွန်း(ထီးချိုင့်)