အမြို့မြို့အနယ်နယ်သတင်းများ

Sep 23,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အသက် ၅၅ နှစ်အထက်ရှိသူများ၊ ဦးစားပေးအုပ်စုတွင်ပါ ဝင်သူများနှင့် ဆေးထိုးရန်အကျုံးဝင်သူများအားလုံးကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)၊ အခြေခံ ပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအ လိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့မဈေးကော်မတီတို့၏ ဆွေးနွေးဆုံဖြတ်ချက်အရ ဒေသခံပြည်သူများ စာဝတ်နေရေးအဆင်ပြေစေရေးအတွက် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်ကာ ကန့်သတ်အချိန်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
Sep 23,2021
လွိုင်လင်မြိုနယ်၌ ယခင်ရောဂါပိုးတွေ့ရှိသူနှင့်ထိစပ်မှုရှိသူများ အသွားအလာကန့်သတ် ထားရှိသူများထဲမှ  သံသယရှိသူ (၄) ဦးတို့၏ နှာခေါင်း အာခေါင်တို့ဖတ်နမူနာများရယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ သိရှိနိုင်ရန် တောင်ကြီးမြို့ ပြည်နယ်ဓာတ်ခွဲဌာနသို့ပေးပို့စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရှိသူ  (၁၂) ဦး  ရှိကြောင်း သိရသည်။
Sep 23,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများ အား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် ချင်းတွင်းမြစ်သာခန်းမ၊ မစိန်ကျေးရွာ၊ ကျော်ဇင်ကျေးရွာ၊ သစ်ချောက် ကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် ဓမ္မာရုံ တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 23,2021
ရှမ်ပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် “မြန်မာချီကျိ ဖောင်ဒေးရှင်း ပရဟိတအသင်း” မှ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 23,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည် မြင့်မားလာစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ၊ အဆင့်မြှင့် စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဦးစီးမှူးထံမှ သိရသည်။