မြစ်သား စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မင်းလည်ကျေးရွာတွင် ယနေ့နံနက် (၈)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မင်းလည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့့််အဖွဲ့ဝင်များ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးညွှန်ကြားချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မင်းလည်ကျေးရွာအတွင်း လှည့်လည်ကာ Hand Spaker ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင် သာနေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောဆိုခြင်း၊ စျေးဝယ်ခြင်း များမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ရှိသူများအနေဖြင့် မြစ်သားမြို့ လုပ်အားကြေးမုံခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ နေ့စဉ်နံနက်(၉)နာရီမှ(၁၂)နာရီအထိ ကာကွယ်ဆေးများ လာရောက်ထိုးနှံ ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကို မင်းလည်ကျေးရွာအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြမွန် (မြစ်သား)