မေတ္တာ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မိသားစုများနှင့် Stay Home မိသားစုများအား ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံ စား သောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် မေတ္တာမြို့ အမှတ်(၁/၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မိသားနှင့် ၄င်းလူနာနှင့်ထိတွေ့မိ၍ Stay Home နေထိုင်ရသော မိသားစု(၅)စုတို့အား အိမ်ထောင်စု (၁)စုလျှင် ဆန်(၁၂)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥခေါက်ဆွဲ(၂)ထုပ်၊ အချိုမုန့်(၁)ထုပ်၊ ၆လုံးတွဲ ငါးသေတ္တာ (၁)ကတ်၊ ပဲ(၁)ပိသာတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ မိသားစုဝင်များအား ထောက်ပံ့ရာတွင် မေတ္တာမြို့အမှတ်(၁/၂)ရပ်ကွက် ကိုဗစ်-၁၉ရောဂါ ခံစားနေရသော လူနာများနှင့် Stay Home နေထိုင်ရသော မိသားစုများအား ကူညီ ထောက်ပံ့ရေး ကော်မတီအဖွဲ့ဝင်များက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး မေတ္တာမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၈၇) ဦးရှိပြီး သေဆုံးလူနာ(၇) ဦးရှိကြောင်း မြို့ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
နန်းခလိုက်(မေတ္တာ)