ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသွားအလာကန့်သတ်မှုများ အသိပေးနှိုးဆော်

ဘုတ်ပြင်း  စက်တင်ဘာ    ၂၄
 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သူ‌လျော့ကျစေရေးအသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ ညပိုင်းက အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။

အဆိုပါအသိပေးကြေညာချက်များတွင်‌ဘုတ်ပြင်းမြို့နယ်အား Stay at Home သတ်မှတ်ထားသည့် အတွက်‌ဈေးဝယ်ခြင်းနှင့် ကျန်းမာ‌ရေးကိစ္စမှအပ အကြောင်းကိစ္စမရှိပါက နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာခြင်းမပြုလုပ်ရန်‌၊အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်း(Mask)ကို စနစ်တကျတပ်ဆင် ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊    လက်ကို စက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/သွေးတိုး/နှလုံးစသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ ပါးစပ်နှင့် နှာခေါင်း(Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့် ၊တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး၊ သတိပေးပါ၊  ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ ၊မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်(၁)ဦးသာ သွားရောက်ရန်စသည့်  အသိပေးကြေညာချက်များအား ပြည်သူများအနေဖြစ်ပူး‌‌ပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ချက်များပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)