အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ပြည်သူများအား သတ်မှတ်စုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ် (၃)နေရာတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 24,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရေရှည် ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့် မားလာစေ ရန်အတွက် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင် မှုဆိုင်ရာအသိပညာ ပေးသင်တန်း အမှတ် စဉ်(၂)ကို ယနေ့ နံနက် ၉နာရီခွဲအချိန်၌ အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
Sep 24,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ Online မှတစ်ဆင့် အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင် ပြန်/ဆက် ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။
Sep 24,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၄နှစ်အထိရှိ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၆) ခုတွင် ထိုးနှံပေး လျက်ရှိသည်။
Sep 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြ လိုက်ရပါသည်-
Sep 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံး၀မထိုးနှံရသေးသည့် ရဟန်း သံဃာတော်များ၊ ၅၅ နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ဦးစားပေးအုပ်စု များတွင် ပါဝင်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီက သတ်မှတ်စုရပ်တွင်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ မုန်းကွန်ကျေးရွာအုပ်စုတွင် အသက် (၆၀)နှစ်ထက်ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Vero Cell)ကို (ပထမအကြိမ်) အဖြစ် ယနေ့ နံနက်(၁၀)နာရီအချိန်က မုန်းကွန်ကျေးရွာအုပ်စု၊ စုပေါင်းခန်းမစုရပ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 24,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)တွင်အငြိမ်းစားဝန်ထမ်းပင်စင်လစာ ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာကိုဗစ်-၁၉ကာလအတွင်းရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး နှင့် သက်ကြီးပင်စင်စားများ အေးချမ်းစွာ ငွေထုတ်ယူနိုင်ရေးတို့အတွက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် စက်တင်ဘာ၂၁ရက်မှစတင်ကာနေ့စဉ်နံနက်၈နာရီမှစ၍ဆက်လက်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။