အင်တော စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံး၀မထိုးနှံရသေးသည့် ရဟန်း သံဃာတော်များ၊ ၅၅ နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ဦးစားပေးအုပ်စု များတွင် ပါဝင်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီက သတ်မှတ်စုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ရေးချုပ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြပြီး ကျန်းမာရေး ဝန်ထမ်းများက ညွှန်ကြားချက်နှင့် အညီ ကာကွယ်ဆေးများကို ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အင်တောမြို့ပေါ်(၆)ရပ်ကွက်၊ ကျောက်ဂူ၊ အုန်းကွဲ၊ နောင်ဝိုးနှင့် နောင်လုံကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များ၊ အသက် ၅၅ နှစ်မှ ၆၅ နှစ်အကြား ပြည်သူများ၊ မသန်စွမ်းသူများအား၊ နာတာရှည်ရောဂါရှိသူများ၊ ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို သတ်မှတ်စုရပ်များတွင် စက်တင်ဘာလ (၁၉)ရက်နေ့မှ ယနေ့အထိ ပြည်သူ(၂၁၀၅ )ဦးကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် (ပြန်/ဆက်)